Showing posts with label ခိုင်ထူး. Show all posts
Showing posts with label ခိုင်ထူး. Show all posts

Friday, April 11, 2008

စစ်ကိုင်းလမ်း

လူတိုင်းပဲ ချစ်သူမျှော်နေခဲ့တဲ့ လမ်းဆီ အပြေးအလွှား သွားဖူးကြပေါ့။ ပုဂံလမ်း၊ အဓိပတိလမ်း၊ အင်းလျားလမ်း၊ စစ်ကိုင်းလမ်း၊ လမ်းတွေကို လိုက်လို့ နံမည်တွေကလည်း ကွဲပြားသွား။ ဒါပေမယ့် ချစ်သူအားလုံးရဲ့ သင်္ကေတ ဘယ်သူမှ မငြင်းနိုင်တာက စစ်ကိုင်းလမ်းပါပဲ၊ စစ်ကိုင်းလမ်းကို ကျနော်လည်း ချစ်တယ်။ အဲလိုပဲ စစ်ကိုင်းလမ်းကို ချစ်တဲ့ ကျနော့် ညီလေး နိုင်းနိုင်းနဲ့ ချစ်တတ်ကြသူများ အတွက် တင်ပေးလိုက်ပါတယ်၊


Thursday, April 10, 2008

နေရာဟောင်းမှာ

လူတိုင်းပဲ နေရာသစ်မှာ ကျင်လည်ကြရတဲ့အခါ နေရာဟောင်းလေးကို ပြန်တမ်းတမိတတ်ကြတယ်။ ဒီသီချင်းလေးကတော့ အဲဒီဝေဒနာတွေကို ခဏတဖြုတ်ဖြစ်ဖြစ် ပြေပျောက်စေနိုင်မယ်ထင်ရဲ့၊


Wednesday, April 9, 2008

အချစ်သီချင်း

ဒီသီချင်းကတော့ နိုင်းနိုင်း (အဲဗားဂရင်း) တောင်းဆိုတာကြောင့်ရော၊ အချစ်ဆိုတဲ့ သိင်္ဂါရ၀ိုင်ချိုကလည်း လူတိုင်းပဲ မူးယစ်ရီဝေချင်ကြတာကြောင့်ရော ဒီသီချင်းလေးကို တင်ပေးလိုက်ပါတယ်။

Tuesday, April 8, 2008

လေကုန်ရေခမ်း

ဒီသီချင်းကိုတော့ သီချင်းချစ်သူများ ကိုယ့်ဘာသာကိုယ် လိုရာ ဆွဲတွေးကြပါကုန်။

တို့လာတယ်

အမှန်တရားအတွက် လာခဲ့တဲ့သူတွေလည်း အများကြီးပါ။ ဒီလောကထဲ အမှန်တရားဖက်က ရပ်တည်နေသူတွေ ရှိနေသေးသမျှ ကမ္ဘာကြီးက လှပနေဦးမှာပါ့။ ဒါကိုလည်း ဒီသီချင်းလေးက တစုံတရာ ကိုယ်စားပြုပေးနိုင်မယ် ထင်ပါရဲ့၊

Monday, April 7, 2008

မြတ်သောအကျင့်

လူသားအားလုံးဟာ အသက်ရှင်သန်မှုအတွက် အသက်မွေးဝမ်းကြောင်းတခုခုကို ပြုရမြဲပါ။ ဒီအပေါ်မှာ သမာအာဇီဝ နဲ့ မသမာတဲ့ အာဇီဝတွေလည်း ကွဲသွားကြပေါ့။ ဒါကလည်း လူသားတဦးချင်းရဲ့ ရွေးချယ်မှုအပေါ်မှာ တည်နေခဲ့တာပါ။ ဘ၀ကို သမာအာဇီဝနဲ့ ရှင်သန်ခဲ့ကြသူတွေအတွက် ဒီသီချင်းလေးက ကိုယ်စားပြုခဲ့တာပါ။ ဒါကြောင့်မို့ သမာအာဇီဝသမားများအားလုံးရဲ့ကိုယ်စား ဒီသီချင်းလေးကို ကျနော် ဝေမျှပေး
ပါတယ်။ သမာအာဇီဝများ ကမ္ဘာတည်သည့်တိုင် ရှင်သန်ပါစေ။

အလွင့်တွေထဲမှာ ငါ့တယောက်တည်း

အချိန်ကာလတခုမှာ ကျနော်လည်း တယောက်တည်း လွင့်ခဲ့တယ်။ လွင့်နိုင်ခဲ့သမျှ ဟိုးအဝေးဆုံးအထိ။ လွင့်ခဲ့သူမှန်သမျှ လိုက်လွင့်မယ့်အဖော်ဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ? ကျနော့်လိုပဲ တယောက်တည်း လွင့်ခဲ့သူများအတွက် ဒီသီချင်းလေးကို ဝေမျှပေးခဲ့ပါတယ်။